ဇုန် ၉၀

အချိန်ကတော့ ၂၁၀၀ ခုနှစ်ဖြစ်ပါတယ်။ လူဆိုးအဖွဲ့အစည်းတွေက ကမ္ဘာပေါ်မှာ သူတို့ရနိုင်သမျှ နောက်ဆုံးသဘာဝအရင်းအမြစ်တိုင်းကို ယူဆောင်သွားကြတဲ့အခါ နိုင်ငံတွေဟာ ဆက်လက်မတည်တံ့နိုင်ပဲ ပျက်စီးယိုယွင်းလာကြတယ်။ တစ်ချိန်က သံတမန်ဆန်ဆန်ဆက်ဆံခဲ့တဲ့ စီးပွားရေးလုပ်ငန်းတွေဟာ လူဆိုးလူမိုက်အဖွဲ့တွေကြားမှာ ပြင်းထန်တဲ့ထိပ်တိုက်တွေ့မှုတွေအဖြစ်ပြောင်းလဲသွားပါတယ်။ ဇုံ ၉၀ က နောက်ဆုံးသော အတိုက်အခိုက်မခံရသေးတဲ့ ချမ်းသာကြွယ်ဝပြီး သဘာဝရင်းမြစ်တွေပေါကြွယ်ဝတဲ့ နိုင်ငံဖြစ်ပါတယ်။ ဒီနိုင်ငံဟာ အခုအဖွဲ့အစည်းနှစ်ခုဖြစ်တဲ့ XetraCorp နဲ့ BT Industries ကြားမှာ ပြင်းပြင်းထန်ထန်ပြိုင်ဆိုင်ခြင်းခံနေရတာဖြစ်တယ်။ ဇုံ ၉၀ကို ထိန်းချုပ်တဲ့သူဟာ ကမ္ဘာကြီးရဲ့ကံကြမ္မာကို ဆုံးဖြတ်မှာဖြစ်ပါတယ်။ အဖွဲ့တစ်ဖွဲ့အနေနဲ့ကစားပါ။ သင့်တပ်ဖွဲ့ကိုတည်ဆောက်ပါ၊ လေ့ကျင့်ပေးပြီးတိုက်ပွဲဝင်ပါ။ ရန်သူကိုဇုံ ၉၀ ကနေမောင်းထုတ်ပြီး ကမ္ဘာကြီးကိုအုပ်စိုးပါ။

ဂိမ်း၏လက္ခဏာရပ်များ:

  • ဂိမ်းပုံစံ ၂မျိုးရွေးချယ်နိုင်မှု: Skirmish နဲ့ Mission Modes
  • အသက်ရှူမှားလောက်တဲ့ graphics များ
  • Riflemen, rockeeteers, Humvees, Tanks နဲ့ Defense Turrets : သင်ဘာလိုဦးမှာလဲ?
  • စွမ်းရည်ပြည့်ဝတဲ့ ရန်သူ့ Artificial Intelligence: သင်နိုင်ပါ့မလား?
  • Cross-platform RTS experience (desktop မှာဖြစ်ဖြစ် မိုဘိုင်းဖုန်းမှာဖြစ်ဖြစ် တူညီတဲ့လှုပ်ရှားမှုအတွေ့အကြုံ)
  • ယူနစ်များရွေးချယ်နိုင်မှု
  • ဆန်းသစ်သော waypoint စနစ်
  • ယူနစ်များတည်ဆောက်ခြင်းနှင့် စီမံခန့်ခွဲခြင်းစနစ်
  • Scrolling စနစ်
  • တိုက်ပွဲတွင်အသုံးပြုနိုင်ရန် အသေးစားမြေပုံပါဝင်မှု
ရှေ့ဆုံးမှဦးဆောင်နေသူများစာရင်း
 
 
 
ထွက်ပြီးပါပြီ
သင်အောင်မြင်စွာထွက်ပြီးပါပြီ။ မကြာခင်ပြန်လာပါ။
 
 
အကောင့်ပြုလုပ်ပါ
 
 
Choose your username